ပေါက်ခေါင်း ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာများနှင့် ထိစပ်သူများ၊ အနံ့ပျောက်သူများအား ယမန်နေ့က အထက(ခွဲ)အမှတ် (၁)နှင့် အမှတ်(၁၁) အင်ငါးခွ သကြားစက်တို့တွင် ဓာတ်ခွဲစစ်ဆေးရာ စုစုပေါင်း(၇)ဦး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် ဇူလိုင်လ(၂)ရက်နေ့မှစတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရာ ဇူလိုင်လ(၁၀) ရက်နေ့ အထိ (၉)ရက်အတွင်း ပိုးတွေ့လူနာ(၉၁)ဦးရှိပြီဖြစ်ကြောင်း၊ လက်ရှိတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ (၅၇) ဦး၊ ဓမ္မသော်တိုက်နယ်ဆေးရုံ၌ (၁၂) ဦး၊ တောင်လည်တိုက်နယ်ဆေးရုံ၌ (၁၅ )ဦး၊ မြို့နယ်အားကစားခန်းမ ယာယီကုသရေးစင်တာတွင် (၇)ဦး၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသူ(၉၁)ဦး ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ဥမ္မာကျော်