ဝေါ ဇူလှိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ် (COVID-19) ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယနေ့နံနက် ၁၀ နာရီ အချိန်က အလှူငွေ၊ ကြက်၊ ရေသန့်၊ ဓာတ်ဆားနှင့် ဆေးများ လှူဒါန်းခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်များက မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် အလှူငွေ၊ ဆေးဝါး၊ ပစ္စည်းများ ပေးအပ်လှူဒါန်းရာ ဦးဘူစေ့ နှင့်သားများ ကန်တော်မှ အလှူငွေကျပ်(၃၀) သိန်း၊ ဒေါ်ပိုင်သမီး မတိုးတိုးနှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းသော အောက်ဆီဂျင်ဘူး တစ်လုံး၊ ကြက်ဥအလုံး (၁၀၀၀)လုံး၊ ရေသန့်ဘူး အလုံး (၆၀၀) လုံး ၊ ဓာတ်ဆား အထုတ် ၆၀၀ ထုတ်၊ ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီမိသားစုအလှူငွေ (၁) သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမောင်ဌေး က အလှူငွေကျပ် (၁) သိန်း၊ ဦးကြည်ဝင်း+ဒေါ်မိုးမိုး ဝင်ညီနောင် မိသားစု အလှူငွေ (၁) သိန်း ၊ မခိုင်ဇာခြည်ဆန်း ဝင်းဝင်းဆေးဆိုင် အလှူငွေ (၁) သိန်း၊ ဦးမောင်ဝင်း +ဒေါ်ချစ်ချစ် မိသားစုအလှူငွေ (၁) သိန်း၊ ဦးဇော်ရဲ + Dr ဆုဝေကျော် မိသားစု အလှူငွေ (၁) သိန်း ပေးအပ်လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)