မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ မွေးလူနာ ခွဲစိတ်မွေးဖွားမှု အောင်မြင်

မင်းလှ ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံထားရသည့် ကိုယ်ဝန်ဆောင်အမျိုး သမီးကို ယမန်နေ့ ညနေပိုင်းက စစ်ကွင်းတိုက်နယ်ဆေးရုံမှာ အောင်မြင်စွာခွစိတ် မွေးဖွားပေး နိုင်ခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

စစ်ကွင်းမြို့၊ ဆေရုံလမ်းနေအသက်(၃၇)နှစ်အရွယ်ရှိ မွေးဖွားလူနာသည် မင်းလှ ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့စဉ် RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး၊ ပြည်သူ့ဆေးရုံ၌ ရောဂါကူးစက်ခံရသူများ ထားရှိ ကုသနေသဖြင့် နေရာမသန့်ရှင်းခြင်းကြောင့် မင်းလှ လူမူ့ကွန်ယက် ပရဟိတ အသင်းမှ စစ်ကွင်းတိုက်နယ်ဆေးရုံ သားဖွားဆောင်သို့ ကူညီပို့ဆောင်ပေးခဲ့၍ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာလှဝင်းဦးဆောင်သည့် ကျန်းမာရေးအဖွဲ့မှ မွေးဖွား လူနာကို ခွဲစိတ်မွေးဖွား ပေးခဲ့ရာ သားယောက်ျားလေးတစ်ဦး အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင် သုံးမွှာပူးခွဲစိတ် မွေးဖွား‌ပေးနိုင်ခဲ့ပြီး၊ ယခု ကိုဗစ်ကူးစက်ခံရသည့် မွေးလူနာကို ဒုတိယမြောက် မွေးဖွားပေး နိုင်ခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ပေါက်စ မင်းလှ