မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ‌ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ငပုတော     ဇူလိုင်      ၁၀

 

မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်လျက်ရှိသော ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌဖလား ဖူဆယ်ပြိုင်ပွဲနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။

 

ဆုပေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက အမှာစကားပြောကြားပြီးနောက် ဖူဆယ်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် တတိယဆုနှင့်ဒုတိယဆုရရှိသည့် အသင်းများအား တစ်ဦး ချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများကလည်းကောင်း၊ ဖူဆယ် အသင်းနှင့်ပိုက်‌ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အသင်းများအား တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုငွေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော် ကလည်းကောင်း အသီးသီးပေးပေးအပ်ချီးမြှင့်ခဲ့သည်။

 

အဆိုပါ ပြိုင်ပွဲများသို့ ဖူဆယ်အသင်း ၈ သင်းနှင့် ပိုက်ကျော်ခြင်းအသင်း ၁၀ သင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

လှမင်းထွဋ်