လဟယ် ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဇူလိုင်လ(၁)ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါ သံသယရှိသူများနှင့် ပိုးတွေ့အရပ်မှ ပြန်လာသူများအား လဟယ်မြို့ အားကစားခန်းမ Quarantine Centre တွင်သီးခြားထားရှိပြီး နှာခေါင်းတုံ့ဖတ်ရယူ၍ (၃)ရက်ပြည့်သည့်နေ့တွင် တစ်ကြိမ် ၊တစ်ပတ်ပြည့်သည့် နေ့တွင်တစ်ကြိမ် Swab နမူနာ(၂)ခါရယူ စစ်ဆေးခဲ့ပြီး နှစ်ကြိမ်လုံး Negative အဖြေထွက်ရှိသူများကို ယမန်နေ့က (၄)ဦး၊ ယနေ့(၃)ဦး စုစုပေါင်း(၇)ဦးအား သတ်မှ ရက်ပြည့်သည့်အတွက် ဆင်းခွင့်လက်မှတ်များပေးအပ်ပြီး အိမ်ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုသူ(၄)ဦး Quarantine Centre တွင် သီးခြား စောင့်ကြည့်သူ (၄၇)ဦးကျန်ရှိသေးကြောင်းနှင့် ကိုဗစ်-၁၉ အတည်ပြုသူ(၄)ဦးမှာ ကျန်းမာလျက်ရှိကြောင်း လဟယ်ပြည်သူ့ဆေးရုံမှ ဆေးဗိုလ်ကြီး ဒေါက်တာ သက်ပိုင်စိုးထံမှသိရသည်။
ရှားဆက်(လဟယ်)