မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံ

မင်းဘူး ဇူလိုင် ၁၀
 
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရ သေးသည့် ပညာရေးဝန်ထမ်းများကို ယမန်နေ့က မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းများရေးဦးစီးဌာနမှ သိရသည်။
“ကာကွယ်ဆေးထိုးနှံတဲ့အခါမှာ သတ်မှတ်စည်းကမ်းချက်တွေဖြစ်တဲ့ ကာကွယ်ဆေးထိုးဖို့ စာရင်းပေး ထားတဲ့အထဲမှာ နို့တိုက်မိခင်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ ဆီးချိုရောဂါအခံရှိသူတွေ ပါလာရင်တော့ ကာကွယ်ဆေး ထိုးနှံပေးလို့မရပါဘူး” ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ လက်ထောက်ဆရာဝန်တစ်ဦးက ပြောသည်။
မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံခြင်းကို ယခုလ ၈ ရက်နှင့် ၉ ရက် နေ့များတွင် နှစ်ရက်ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးထိုးနှံမည့် ပညာရေးဝန်ထမ်းများနှင့် ဆရာ/ ဆရာမ စာရင်းပေး လူဦးရေစာရင်း (၂၀၁)ဦးရှိပြီး ပထမရက်တွင် ကျား(၂၁)ဦး၊ မ(၆၃)ဦး၊ ဒုတိယ ရက်တွင် ကျား(၇)၊ မ(၂၃)ဦး စုစုပေါင်း (၁၁၄)ဦးက မိမိစိတ်ဆန္ဒအလျောက် ကာကွယ်ဆေးများ လာရောက် ထိုးနှံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ပညာရေးဝန်ထမ်းများကို ကာကွယ်ဆေးထိုးနံရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများနှင့် Volunterr များက အဆင်ပြေချောမွေ့စွာ ပထrအကြိမ်ထိုးနှံပေးခဲ့ပြီး ဒုတိယ အကြိမ်အဖြစ် ဩဂုတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)