ရွှေဘိုခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီနှင့် မြို့နယ်တို့ပူးပေါင်း၍ ရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရွှေဘို ဇူလိုင် ၁၀
 
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီနှင့်မြို့နယ်တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်က ရွှေဘိုမြို့ ရန်ကြီးအောင် ပန်းခြံရှေ့တွင် ခရီးသွား ပြည်သူများ အားကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားသော ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ သွားလာနိုင်ရေး၊ အပြင်ကို ထွက်သည့် အခါတိုင်း တစ်ခါသုံး Mask ကို စနစ်တကျတပ်ဆင်သွားလာစေရေးတို့အတွက် Mask Capain ပြုလုပ်ခြင်းနှင့် အတူ အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mask Capain ပြုလုပ်ခြင်းနှင့်အတူ အသိပညာပေး လုပ်ငန်းများကို ရွှေဘိုခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေး ကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့် ကော်မတီ အဖွဲ့ဝင်များ၊ ရွှေဘိုမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် ကုသရေး ကော်မတီနှင့် အဖွဲ့ဝင်များပူးပေါင်း၍ တစ်ခါသုံးMask များအခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရွှေဘိုခရိုင်အတွင်း မြို့နယ်များတွင် လတ်တလောဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်အသီးသီးတွင် Mask Capain များပြုလုပ်ခြင်း၊ မြို့အဝင်ဂိတ်များတွင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ရွှေဘိုမြို့၌ ကိုဗစ် -၁၉ ရောဂါကာကွယ် ဆေးထိုးရန် ကျန်ရှိနေသူများအား ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် ၊ ကုသရေးဗဟိုအဆင့်ကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း ရွှေဘိုမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းထံမှ သိရှိရသည်။
အိသက်ခိုင်