ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက် များ အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာ

မောင်တော ဇူလိုင် ၁၀
 
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ယမန်နေ့ ညနေပိုင်းက မြို့ပေါ် ရပ်ကွက်များ အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ကြသည်။
ယခုအခါ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့မှ ဇူလိုင် ၉ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူများပြားခဲ့ပြီး မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မခံရစေရေး နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွန်ကြားချက်များနှင့်အညီ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်း စည်းတပ်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ကွာကွာနေခြင်း၊ ဖျားခြင်း၊ချောင်းဆိုးခြင်း၊ အသက်ရှုရ ခက်ခဲခြင်း ၊ အားအင်ကုန်ခမ်းခြင်း စသည့် လက္ခဏာများ ဖြစ်ပွားပါက နီးစပ် ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသကြရန် လိုအပ်ကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်နာနိုင်ရန်အတွက် အသိပေး နှိုးဆော်ခြင်း များကို ဆောင်ရွက်ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး ကျော်သူဝင်း ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ဝင်းထွဋ် တို့ ပူးပေါင်းပါဝင်ကာ ပြန်ကြားရေနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများ၊ ခရိုင်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ ၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းကာ မြို့ပေါ် ရပ်ကွက်များအတွင်း လိုက်လံ အသိပေး ကြေညာခဲ့ ကြကြောင်းသိရသည်။
သက်လွင်စိုး