ပန်းတနော်မြို့နယ် ကဇင်းတောကျောင်းစုကျေးရွာအနီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်( ၉) လုံး ပြောင်းရွေ့ခဲ့ရ

ပန်းတနော်၊ ဇူလိုင် ၁၀
 
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကဿဝင်ကျေးရွာ အုပ်စု၊ ကဇင်းတော ကျောင်းစု ကျေးရွာ အနီးတွင် ယမန်နေ့က ဧရာဝတီမြစ်ရေ မြင့်တက်ပြီး မြစ်ရေတိုက်စားမှုကြောင့် လူနေအိမ် (၉) လုံး ကမ်းလွှတ်ရာသို့ ပြောင်းရွေ့ခဲ့ရကြောင်း သိရသည်။
ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ကဿဝင်ကျေးရွာ အုပ်စု ကဇင်းတော ကျောင်းစု ကျေးရွာရှိ လူနေဝါးအိမ်( ၉)လုံး၊အိမ်ထောင်စု (၉)စုတို့သည် ပြောင်းရွေ့ခဲ့ရပြီး နီးစပ်ရာ ဆွေမျိုးသားချင်း နေအိမ်များနှင့် ကမ်းလွှတ်ရာနေရာများသို့ ပြောင်းရွေ့ခဲ့ရကြောင်း သိရသည်။