စစ်တွေ ဇူလိုင် ၁၀
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ သတင်းမီဒီယာများအားရှင်းလင်းပွဲကို ယနေ့ညနေပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှင်းလင်းပွဲသို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းပြန်ကြားရေး တာဝန်ခံ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း၊ စစ်တွေမြို့အခြေစိုက် သတင်းမီဒီယာများ တက်ရောက်ကြသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး သတင်းမီဒီယာများက ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှုအခြေအနေ၊ ပြည်နယ်စီမံအုပ်ချုပ်စီမံအုပ်ချုပ်ရေး ကောင်စီမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ အခြေခံပညာကျောင်းများနှင့် စာသင်ဝိုင်းများ၊ သင်တန်းများပိတ်သိမ်းထားမှု အခြေအနေ၊ တိုက်ပွဲရှောင်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ဖြန့်ဝေပေးမည့်အခြေအနေ၊ ကိုဗစ်ရောဂါကာ ကူးစက်ခံထား ရသူများ ဆေးကုသမှုခံယူနေမှုအခြေအနေ၊ ပြည်နယ်အတွင်းဆေးရုံ များ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ၊ အောက်ဆီဂျင်ဗူးများ စုဆောင်ထားမှု အခြေအနေနှင့် စားသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်မှု အပေါ် ထိန်းချုပ်နိုင်မည့်အခြေအနေ၊ မြို့နယ်များတွင် အသိပညာပေး လုပ်ငန်းများနှင့် Mask များဖြန့်ဝေပေးနေမှုများကို မေးမြန်းကြသည်။
မေးမြန်ချက်များအပေါ် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းပြန်ကြားရေးတာဝန်ခံ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြန်လည်ဖြေကြားခဲ့ကြကြောင်းသိရသည်။
တင်ထွန်း