ချောင်းဦး ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် အတွင်းရှိ တောကျောင်းကြီး-အမြင့် -ရွှေဒါးကျ ကျေးရွာ ချင်းဆက် ကတ္တရာလမ်းခင်းရန် ဆောင်ရွက်နေသည့်လုပ်ငန်းခွင်သို့ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်နှင့်အဖွဲ့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် အတွက် စစ်ကိုင်းတိုင်း ဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေ ဖြင့် တောကျောင်းကြီး-အမြင့် -ရွှေဒါးကျ ကျေးရွာချင်းဆက်လမ်းအား ကတ္တရာလမ်းအဖြစ် ဆောင်ရွက်လျက်ရှိသည်။ တင်ဒါအောင်မြင်သည့် Golden Royal Tun ကုမ္ပဏီ၊ မင်းဓနဖြိုး ကုမ္ပဏီ၊ ပြည့်မာန်ဟိန်း ကုမ္ပဏီများမှ ဇန်နဝါရီ လလယ်ပိုင်းက စတင်ပြီးတာ၀န်ယူဆောင်ရွက်လျက်ရှိရာ ပြီးစီးမှုအခြေအနေနှင့် အရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်နှင့် လမ်းဦးစီးဌာန၊ စီမံကိန်းဌာန၊ စည်ပင်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တာ၀န်ရှိသူများမှ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
တင်ဒါအောင်မြင်သည့် ကုမ္ပဏီတာ၀န်ရှိသူများမှလည်း မိမိတို့လုပ်ဆောင်နေသည့် လမ်းအပိုင်းလိုက် ပြီးစီးမှု အခြေအနေများကို ရှင်းလင်းပြသခဲ့ပြီး အရည်အသွေးစစ်ဆေးရေးအဖွဲ့၏ လမ်းညွှန်ချက်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
၀င်းမြင့်အောင် (ပြန်/ဆက်)