အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်း ဆောင်ရွက်

အုတ်ဖို     ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းကို အုတ်ဖိုမြို့မစျေး၊ ပျံကျစျေးနှင့် အိုးသည်ကုန်း မြို့မစျေး တို့တွင် စျေးရောင်းချသူများနှင့်စျေးဝယ်သူများ၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ယခုကာလအတွင်း ပုံမှန်ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်စည်ပင်အမှုဆောင် အရာရှိ ဦးဖြိုးဝေအောင်ထံမှသိရသည်။ အလားတူ အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်တင်ကာကွယ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

အောင်သူ