ဟင်္သတမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အလုံး ၅၀၀ ထိုးနှံပေးလျက်ရှိ

ဟင်္သာတ ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိုးနှံခြင်း မပြုရသေးသည့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက ဦးအောင်မြတ်ကျော် ဘုရားဝန်းရှိ  သီရိမင်္ဂလာတန်ဆောင်း၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်မားရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ စေတနာ လုပ်အားရှင်များ၊ လူမူရေး  အသင်းအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံခြင်း  လုပ်ငန်းများကို စနစ်တကျ ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဟင်္သာတမြို့တွင် စတုတ္ထအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးနှံခြင်း မပြုရသေးသည့် အခြေခံပညာ၊ အဆင့်မြင့် ပညာနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း (၅၀၀)ဦးကို ပထမအကြိမ်အဖြစ် ၂ ရက်ခွဲ ကာ တစ်နေ့လျှင် ၂၅၀ ဦးနှုန်းဖြင့် ထိုးနှံပေးသွားမည်ဖြစ်ပြီး ယခုအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ China BIBP Sinopharm ဆေးအမျိုးအစား ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ကိုဇော်(ပြန်/ဆက်)