ပဲခူး ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ရှင်စောပုရပ်ကွက်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်နိုင်ရန် အသိပေး နှိုးဆော်ခြင်းများကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ရပ်ကွက်တွင်း လှည့်လည်နှိုးဆော်ခြင်း များ ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပေးနှိုးဆော်ခြင်းအား ပဲခူးမြို့ ရှင်စောပုရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အိမ်အတွင်း၌သာနေရန် (Stay at Home) မဖြစ်မနေ ဈေးဝယ်ထွက်ပါက တစ်ဦးသာသွားရောက်ရန်၊ ဆေးရုံဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ် နှစ်ယောက်သာ သွားရန်၊ နေအိမ်မှ ပြင်ပသို့သွားလျှင် ပါးစပ် နှာခေါင်းစည်း (Mask) တပ်ဆင်ရန်နှင့် ကျန်းမာရေးဌာနမှ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ကြေညာချက်များအား ရပ်ကွက်အတွင်း လှည့်လည်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မျိုးငြိမ်း