မြေပုံမြို့နယ် အငူရွာသစ်ကျေးရွာရှိ တိုက်ပွဲရှောင်စခန်း၌ Mask Campaign ပြုလုပ်

မြေပုံ ဇူလိုင် ၉

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုဲမြို့နယ် အငူ‌ရွာသစ်ကျေးရွာရှိ တိုက်ပွဲရှောင်စခန်း၌ ယမန်နေ့ ညနေ(၅)နာရီ အချိန်၌ Mask Campaign ပြုလုပ်ခဲ့သည်။

 

Mask Campaign ပြုလုပ်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေ‌ထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများတို့က တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု(၁၃၃)စုအတွက် Mask ခုရေ(၄၀၀) အခမဲ့ဖြန့်ဝေပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်စေရန် ကျန်မာရေးဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာနေ ထိုင်သွား/လာ လုပ်ဆောင်ကြရန်မှာ ကြားခဲ့ကြောင်း သိရှိရသည်။

 

 တင်ဝင်း