ရခိုင်ပြည်နယ် မောင်တောမြို့၌ မြစိမ်းရောင် စီမံကိန်းချေးငွေများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်အညီ အိမ်တိုင်လာရောက် ထပ်မံထုတ်ချေးပေး

မောင်တော  ဇူလိုင်  ၉

 

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသည် မြစိမ်းရောင်စီမံကိန်းကျေးများ၏ အတိုး၊ အရင်းပြန်လည်ပီးဆပ်ပြီး ပြားသား သုခမြိုင် ကျေးရွာ၌ ငါးကြိမ်မြောက် မြစိမ်းရောင်စီမံကိန်း ချေးငွေများကို ယနေ့  နံနက်ပိုင်းက အိမ်တိုင်လာရောက် ထပ်မံထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

 

မောင်တောမြို့နယ်အတွင်း  မြစိမ်းရောင်စီမံကိန်း ချေးငွေများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ညွန်ကြားချက်များနှင့်အညီ  မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်း နှင့် ဝန်ထမ်းများ ၊ ကျေးရွာစီမံကိန်းတာဝန်ခံများ ပူးပေါင်းကာ  ပြားသား သုခမြိုင် ကျေးရွာရှိ  ရေလုပ်ငန်းလုပ်ကိုင်သူ (၂၃)ဦးအတွက်  ငွေကျပ်(၁၃၀၀၀၀၀၀) သိန်း၊ရောင်းဝယ်ရေးလုပ်ကိုင်သူ (၁၀)ဦး အတွက် ငွေကျပ် (၇၇၀၀၀၀၀)သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ (၃၄)ဦး အတွက် ငွေကျပ် (၁၈၆၀၀၀၀၀)သိန်း စုစုပေါင်းငွေကျပ် (၃၉၃၀၀၀၀၀)သိန်းကို  အိမ်တိုင်လာရောက် ကွင်းဆင်း ထုတ်ချေးပေးခဲ့ကြကြောင်းသိရသည်။

 

သက်လွင်စိုး