ဘီးလင်း ဇူလိုင် ၉
သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ထပ်မံဖြစ်ပွားလျက်ရှိသည့်အတွက် ကျောင်းများကို ဇူလိုင် ၉ ရက်မှစ၍ ခေတ္တယာယီပိတ်ထားကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ အခြေခံပညာ ကျောင်းပေါင်း ၁၅၂ ကျောင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ရာ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှုများ ပြားလာခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမရှိအောင် ကျောင်း များကို ဇူလိုင် ၉ ရက်မှ ဇူလိုင် ၂၃ ရက်နေ့အထိ နှစ်ပတ်ကြာ ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှသိရသည်။
မြို့နယ် (ပြန်/ဆက်)