ကြို့ပင်ကောက် ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာများမှ (၆)ဦး ကျန်းမာစွာဖြင့် ဆေးရုံမှဆင်းခွင့်ရရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။
ကြို့ပင်ကောက်မြို့တွင် မနေ့ကအထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း(၈၂) ဦးရှိပြီဖြစ်ကြောင်း (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ဆေးကုသဆောင်တွင် (၃၇)ဦး၊ အလယ်ကုန်း တိုက်နယ်ဆေးရုံ ဆေးကုသ ဆောင်တွင်(၂၉) ဦး၊ မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်တွင်(၉)ဦး၊ ဆေးရုံမှကျန်းမာစွာဖြင့် ဆင်ခွင့်ရရှိသူ(၆)ဦးမှာ မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်မှ(၄)ဦး၊ အလယ်ကုန်းတိုက်နယ်ဆေးရုံ မှ(၁) ဦးနှင့် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၁) ဦးတို့ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတစ်ဦး သေဆုံးသွားခဲ့ကြောင်း မြို့နယ်အတွင်းရောဂါကူးစက်မှုနှုန်း တဖြည်းဖြည်းများပြားလာသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး ဆိုင်ရာစည်းကမ်းချက်များကို အထူးလိုက်နာကြရန် လိုအပ်ကြောင်း အဓိကအားဖြင့် အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ဖို့ လိုအပ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျန်းမာရေးဆိုင်ရာ ပြင်းထန်သောရောဂါအခံရှိသူများမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လက္ခဏာများ ဖြစ်ပေါ်လာပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ အမြန်ဆက်သွယ်ပြီး ကုသမှုခံယူသင့်ကြောင်း မြို့နယ် ကျန်းမားရေးဦးစီးဌာနမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
ဇေယျာထွန်း