ဟင်္သာတမြို့၌ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဟင်္သာတ ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုနှုန်း မြင့်တက်လာသဖြင့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင် များအား ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ ကွင်းဆင်း  စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီမှ စတင်၍ စစ်‌ဆေး   ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လတ်တလော   အသက်ရှု  လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အနေဖြင့် လိုက်နာရမည့်  အချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး အတွက် ဟင်္သာတမြို့ မြို့ပေါ်(၂၁)ရပ်ကွက် အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် စုစုပေါင်း (၁၃၆)ဆိုင်အား မြို့နယ်ထွေ/အုပ်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ   ကွင်းဆင်း၍ အဖွဲ့(၅) ဖွဲ့ခွဲကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအား ရှင်းလင်းပြောကြားခြင်း၊ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရေးအတွက် ကြပ်မတ်ခြင်းများကို သက်ဆိုင်ရာ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ကိုဇော်(ဟင်္သာတ)