သာယာဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန် ပရိတ် တရားတော်များ မြို့တွင်းလှည့်လည်ရွတ်ဖတ်ပူဇော်

သာယာဝတီ ဇူလိုင် ၉
 
ကမ္ဘာတစ်ဝန်းကူးစက် ပျံ့နှံ့ဖြစ်ပွားလျက်ရှိသော ကမ္ဘာ့ကပ်ရောဂါဆိုး ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန် အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ သာယာဝတီမြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီက အန္တရာယ်ကင်း ပရိတ်တရားတော်များကို မြို့တွင်းလှည့်လည် ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ခဲ့သည်။
 
အဆိုပါ ကပ်ရောဂါ ကင်းစင်လွင့်ပျောက်စေခြင်းအတွက် မြို့နယ်သံဃာ့ နာယဆရာတော် ကျိုက်ထို ဇောတိကာရုံကျောင်းတိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တအိန္ဒြာစရိယက ဦးဆောင်ပြီးဆရာတော် အရှင်သူမြတ်တို့က ကျိုက်ထို ဇောတိကာရုံကျောင်းတိုက်အတွင်းမှ စတင်ကာမော်တော်ယာဉ်များဖြင့် မြို့ပေါ် ရပ်ကွက်လမ်းများအတွင်းအန္တရာယ်ကင်း ပရိတ်တရားတော်များအား လှည့်လည်ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။
 
ပရိတ်ရွတ်ဖတ်ခြင်းကို ရပ်ကွက်နေပြည်သူများက မမိတို့၏ နေအိမ်များရှေ့၌ ဝတ္ထူငွေနှင့် လှူဖွယ် ပစ္စည်းအစုစုတို့ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။
 
သန့်ဇော်