မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၁၄)ဦး ထပ်တိုးတွေ့ရှိ

မင်းလှ ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူကို သက်ဆိုင်ရာ Quarantine Center များ၌ Swab နမူနာယူစစ်ဆေးလျက်ရှိ‌ရာ ဇူလိုင် ၈ ရက်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၁၁၄)ဦး ထပ်တိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို Swab နမူနာရယူကာ (NHL) ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ (၆၁)ဦး ရောဂါပိုး တွေ့ရှိခဲ့ပြီး၊ Quarantine Center များ၌ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ (၅၃)ဦးတွေ့ရှိရာ စုစုပေါင်းအတည်ပြုလူနာ(၁၁၄)ဦးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး ဦးစီး ဌာနမှသိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် (၁၁၄)ဦးအား ပရဟိတအသင်းအဖွဲ့များက မြို့နယ်ပြည်သူ့ဆေးရုံ၊ ပြည်တော်သာ အိုးအိမ်ဝန်ထမ်းအိမ်ယာသစ်၊ အ.ထ.က မြို့ပြင်းကျောင်းနှင့် စစ်ကွင်းတိုက်နယ်ဆေးရုံသို့ သယ် ယူပို့ဆောင်ပေးခဲ့ပြီး ကျန်းမာရေးဦးစီးဌာနက စောင့်ကြည့်ကုသပေးလျက် ရှိသည်။

မင်းလှမြို့နယ်တွင် ယနေ့ထိကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၅၃၆)ဦး ၊ ဆေးရုံဆင်းခွင့်ရသူ (၁၉၄)ဦး‌၊‌ သေဆုံးသူ(၁) ဦး၊ ကျန်ရှိ‌(၃၄၁) ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ပေါက်စ