မိုးညို ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့် တက်လျက်ရှိရာ ယမန်နေ့ ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၄၈)ဦးထိ ရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ် ပြန်ချက်အရ သိရ သည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသူများနှင့် ထိစပ်သည့် လူများကို RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခြင်း၊ အာခေါင်တို့ပတ်နှင့် နှာခေါင်းတို့ပတ်တို့ကို စစ်ဆေးရယူပြီး အမျိုးသား ဓာတ်ခွဲဌာန ရန်ကုန်သို့ပေးပို့ စစ်ဆေးခြင်းများဆောင်ရွက်ပြီး ရောဂါပိုးတွေ့ရှိသူများကို မိုးညိုပြည်သူ့ဆေးရုံ နှင့် အားကာအိမ်ရာတွင်လည်း ကောင်း၊ ရေကင်းတိုက်နယ်ဆေးရုံနှင့် ဆင်မနိုင် တိုက်နယ်ဆေးရုံတို့တွင်လည်းကောင်း စောင့်ကြည့်ကုသပေးလျက်ရှိသည်။
မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပိုးပျောက်ကင်း၍ ဆေးရုံဆင်း ခွင့်ရသူ (၂၆) ဦးရှိပြီး သေဆုံး သူ မရှိသေးကြောင်း၊ ယခင်ပိုးတွေ့ လူနာများနှင့် ထိစပ်သူ(၁၀၉)ဦးတို့၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင် တို့ဖတ်အား (ဒုတိယ အကြိမ်)ရယူကာ အမျိုးသား ကျန်းမာရေးဓါတ်ခွဲဌာန (ရန်ကုန်)သို့ ပေးပို့ထားရှိ ကြောင်း၊ အဖြေရရှိပါက ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။
ကိုမင်း