မြောင်းမြ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြရွှေဝါအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်က အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်တင်မြင့်က ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေ အနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာများနှင့် ပတ်သက်၍ ရရှိပိုင်ခွင့်ရှိသည့် အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ ကာကွယ်စောင့်ရှောက် ပိုင်ခွင့်များနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို တက်ရောက်ကြသူများက ဝိုင်းဝန်းဆွေးနွေးတင်ပြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အဆင့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ အသီးသီးတက်ရောက်ကြောင်း သိရသည်။
ကေခိုင်စိုး