ရသေ့တောင်မြို့တွင် သဘာဝဘေး အန္တ ရာယ်ဆိုင်ရာ အသိပညာပေး ဟောပြော

 

ရသေ့တောင် ဇူလိုင်   

 

ရသေ့တောင်မြို့နယ် သဘာဝဘေး အန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး အန္တ ရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရေးရည်ရွယ်ပြီးသဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ်()နာရီက တောင်ရင်းတန်း ရပ်ကွက် ပရဟိတဂေဟာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်လွင်က သဘာဝဘေး အန္တရာယ်ကျ ရောက်လာပါက ပျက်စီးဆုံးရှုံးထိခိုက်မှု လျော့နည်းစေရေးနှင့် ကြိုတင်ကာကွယ် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သဘာဝဘေး အန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းခဲ့ကြရာ မြို့နယ် ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ပြီး နှာခေါင်းစည်း (Mask)နှင့် Hand Gel များအား အခမဲ့ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။

အောင်စံထွန်း