ညောင်တုန်း ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုသော သံဃာတော် များနှင့် သီလရှင်များအား ဝတ္ထုငွေများဆက်ကပ် လှူဒါန်း ခြင်းကို ဇူလိုင်လ ၉ရက်နေ့ နံနက် ၉နာရီက ကျောင်းတိုက်များသို့ သွားရောက် ဆက်ကပ် လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးသူနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်း အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန် စာမေးပွဲဖြေ ဆိုကြသည့် ကျောင်းတိုက်(၉)တိုက်မှ စာဖြေသံဃာတော်(၇၄)ပါး၊ သီလရှင်(၉)ပါး တို့အား ဝတ္ထုငွေများ ဆက်ကပ်အလှူဒါန်းခဲ့ကြောင်းသိရသည်။