မအူပင် ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု များပြာလာသဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ မထွက်ရန်နှင့် အပြင်ထွက်သူတိုင်း Mask နှာခေါင်းစည်းအား စနစ်တကျ တပ်ဆင်သွားလာကြရန် လှုံဆော်ခြင်းနှင့် (အခမဲ့)ဖြန့်ဝေပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရန် Mask နှာခေါင်းစည်းများ (အခမဲ့)ဖြန့်ဝေရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများက လူစည်ကားရာ ဖြစ်သော ဘုရားလမ်း၊ ဈေးများ၊ ကားဂိတ်များသို့ သွားရောက်ကာ ဟောင်းနွမ်းသော Mask များအား လဲလှယ်တပ်ဆင်ပေးခြင်း နှာခေါင်းစည်း Mask မပါဘဲ အပြင်ထွက်သူများအား Mask နှာခေါင်းစည်း တပ်ဆင်ရန်ဖြန့်ဝေခြင်း၊ ဈေးရောင်း/ဈေးဝယ်သူများအား Mask နှာခေါင်းစည်း တပ်ဆင်ကြရန် အသိပေး ပြောကြားခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ နေထိုင်သွားလာကြရန် ပညာပေးဆောင်ရွက်ကြောင်း သိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)