ကျောက်တံခါး ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဇူလိုင်လ(၇)ရက်နေ့ RDTစနစ်ဖြင့် စစ်ဆေးချက်အရ ပိုးတွေ့လူနာအချုပ်သား(၁၆)ဦးအပါအဝင် လူနာအသစ် (၇၂) ဦးရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၇၂) ဦးသည် မြို့နယ်ရဲစန်းမှ အချုပ်သား (၁၆)ဦး၊ ကျောက်တံခါးမြို့(၁)ဦး၊ အောင်မြင်ကျေးရွာအုပ်စုမှ(၃၅)ဦး၊ ပဲနွယ်ကုန်းမြို့ (၂၀)ဦးဖြစ် ပြီး ယခုအခါ ကျောက်တံခါးမြို့နယ်တွင် ပိုးတွေ့လူနာစုစုပေါင်း(၂၅၁)ဦး အထိရှိလာပြီး ဖြစ်သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များအား ပြည်သူများ လိုက်နာဆောင်ရွက်ကြရန် ကျန်းမာရေး ဦးစီးဌာန က တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၇၂)ဦးအား သက်ဆိုင်ရာဒေသရှိ တိုက်နယ်ဆေးရုံ များနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် ထားရှိပြီး ဆေးကုသလျက်ရှိကြောင်း သိရသည်။
စန်းစန်း