ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ(၄၁)ဦးထိတွေ့ရှိလာ

ဆင်ပေါင်ဝဲ ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့တွင် ဇူလိုင်လ ၅ ရက်နေ့က မြို့နယ်ဘောလုံးအားကစားကွင်း၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စတင်စစ်ဆေးခဲ့ရာ ဇူလိုင်လ (၈) ရက်နေ့တွင်လာရောက်စစ်ဆေးသူ (၆၈) ဦးအနက် (၂၁) ဦး တွေ့ရှိခဲ့ပြီး ၊ ယနေ့အချိန်ထိ စုစုပေါင်း ပိုးတွေ့လူနာ (၄၁) ဦး အထိရှိလာကြောင်း ဆင်ပေါင်ဝဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာ (၂၁) ဦးမှာ ဖောင်အိုင်ကျေးရွာမှ ကျား(၁) မ (၁) ၊ ကျွန်းအနောက်စုကျေးရွာမှ မ (၁) ၊ကျောင်းကုန်းကျေးရွာမှ ကျား (၂) ၊ အမှတ် (၁) ရပ်ကွက်မှ မ (၃) ၊ အမှတ် (၂) ရပ်ကွက်မှ ကျား (၄) မ (၄) ၊ အမှတ် (၃) ရပ်ကွက်မှ ကျား (၃) မ (၂) ဦး ဖြစ်ပြီး ကျား (၁၀) ဦးအား ဆင်ပေါင်ဝဲမြို့ မြို့နယ်ခန်းမတွင် လည်းကောင်း ၊ မ (၁၁) ဦးအား မြို့နယ်သာသနာ့ဗိမာန်တွင်လည်းကောင်း သီးခြားထားရှိသွားမည်ဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဆင်ပေါင်ဝဲ