ညောင်တုန်း ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဝန်ထမ်းများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသော “ကွဲပြားစေဖို့ရာ မြန်မာစကားနဲ့ မြန်မာစာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၁နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က ကွဲပြားစေဖို့ရာ မြန်မာစကားနဲ့ မြန်မာစာစာအုပ်ပါ “နေရာအညွှန်းစကားများ”ဆောင်းပါးမှ အရပ်မျက်နှာ၊ ရှေ့နောက်၊ အထက်အောက်၊ အဝေးအနီး၊ အတွင်းအပြင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာပုံ၊ အသုံးပြုရာတွင် သတိထားရမည့် အချက်များကိုလည်းကောင်း၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်အမာရှိန်က “ကွဲပြားစေဖို့ရာ မြန်မာစာစကားနဲ့ မြန်မာစာ”ဆောင်းပါးမှ မြန်မာစကားနှင့် မြန်မာစာ ပေါ်ပေါက်လာပုံ၊ အပြောအဆို၊ အရေးအသားစသည့် အကြောင်းအရာများကို လည်းကောင်း အငယ်တန်းစာရေး ဦးထက်ဝေဖြိုးက “ဝါကျမှန်မှန်ဖွဲ့တတ်ဖို့” ဆောင်းပါးမှ ဝါကျ၏အရေးပါပုံ၊ ဝါကျ၏အရေးကြီးသည့် သဘောတရားစသည့် ခေါင်းစဉ်ပါ အချက်များအား အသီးသီး ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)