ငါးသိုင်းချောင်းမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီသို့‌ ဒေသခံပြည်သူ အလှူရှင်တစ်ဦးမှ အလှူငွေလှူဒါန်း

ငါးသိုင်းချောင်း  ဇူလိုင်  ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ဇူလိုင်လ (၈)ရက်နေ့ မွန်းလွဲပိုင်းက ဒေသခံပြည်သူတစ်ဦးဖြစ်သူ ဦးစိုးနိုင်+ဒေါ်ခင်သန်းနု (မိသားစု)၊ ဒေါင့်ကြီးဘက်ကျေးရွာမှ အလှူငွေ(၃၀၀၀၀၀)ကျပ်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ လာရောက်လှူဒါန်းခဲ့ရာ မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် ကော်မတီဝင်များက လက်ခံရယူခဲ့ပြီး အလှူရှင်မှတ်တမ်းတင် ဂုဏ်ပြုလွှာပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးအတည်ပြုလူနာ(၈)ဦးရှိနေပြီး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်း အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)