သာယာဝတီမြို့နယ်၌ စားသောက်ဆိုင်များ ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ ဖွင့်လှစ်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

သာယာဝတီ ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များအား ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ  ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)၊ မျက်နှာကာ Face Shield တပ်ဆင်၍ စနစ်တကျ ရောင်းချမှု ရှိ/မရှိနှင့် စားသောက်ဆိုင်နှင့် လက်လီဆိုင်များ ရောင်းချရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ ကိုက်ညီမှုရှိ/မရှိတို့ကို  စစ်ဆေးကြည့်ရှုခဲ့ပြီး ပါးစပ်နှင့် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်အသုံးပြုကာ ဝယ်ယူရောင်းချရန်၊ လက်ဆေးရန်နေရာများ ဆိုင်၏ အဝင်အဝတွင် ထားရှိအသုံးပြုစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာဖြင့် ပြောဆိုနေထိုင်သွား လာကြရန်၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဝယ်ယူရောင်းချရေး အသိ ပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန့်ဇော်