ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန် Mask Campaign ပြုလုပ်

ငရုတ်ကောင်း ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန် မြို့ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကိုဗစ်မြို့ပေါ်လမ်းဆုံနှင့် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် လုံခြုံရေးပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ငရုတ်ကောင်းမြို့ရှိ ဒေသခံပြည်သူများအကြောင်း အမျိုးမျိုးကြောင့် နေအိမ်ပြင်ပ ထွက်ခွာတိုင်း နှာခေါင်းစည်းများ တပ်ဆင်သွားလာပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ဝန်ထမ်းများ၊ ပမ္မဝတီရေတပ်စခန်း ဌာနချုပ်မှ ဗိုလ်ကြီးကျော်သူမျိုးနှင့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်မှစခန်းမှူး ရဲအုပ်ထွန်းလင်းထက်နှင့် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦးနှင့် ဝန်ထမ်းများ၊ မုဒိတာလူမှုကူညီရေးအဖွဲ့ဝင်များတို့မှ လမ်းဆုံ၊ မြို့မစျေးနှင့် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် လုံခြုံရေး ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် နှာခေါင်းစည်း (Mask)များနှင့် လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်