ရွှေသောင်ယံ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အခြေခံစား သောက်ကုန် အရောင်းဆိုင်များအားTake away စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ရွှေသောင်ယံမြို့ စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ အဆိုပါ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် အခြေခံစားသောက်ကုန် အရောင်းဆိုင်များ သို့ သွားရောက်၍ ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံကာ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် Mask ကို မဖြစ်မနေတပ်ဆင်ပြီး အရောင်းအဝယ် ကိစ္စရပ်များ ဆောင်ရွက်ရန် တို့ကိုမှာကြားပြီး ကျန်မာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချရေးအတွက် လိုက်လံစစ်ဆေးခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)