ရွှေသောင်ယံမြို့တွင် ပိုးတွေ့လူနာနှင့် ဆက်စပ်သူ(၇)ဦးအား စစ်ဆေးရာ ကိုဗစ်- ၁၉ရောဂါပိုး မတွေ့ရှိ

ရွှေသောင်ယံ ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ဇူလိုင်လ()ရက်နေ့က စစ်ဆေးတွေရှိခဲ့သော ပိုးတွေ့လူနာ တစ်ဦးနှင့်အနီးစပ်ဆုံး ဆက်စပ်ခဲ့သူ()ဦးကို ယနေ့နံနက် ၁၁ နာရီအချိန်က ရွှေသောင်ယံမြို့ သဘော့ကန် ကျေးလက် ကျန်းမာရေးဌာန၌ RDT ဖြင့်စစ်ဆေးဆောင်ရွက်ခဲ့ရာ အားလုံး ပိုးမတွေ့ကြောင်း သိရသည်။

ထို့နောက် ဆေးစစ်သူများကို ရွှေသောင်ယံမြို့၊ တိုက်နယ်ဆရာဝန်နှင့် သဘော့ကန် ကျေးလက် ကျန်းမာရေးမှူးတို့မှ ယခုလသသည် (Stay At Home) ကာလဖြစ်သည့် အတွက် မိမိအိမ်တွင်သာ ကျန်းမာရေးနှင့် ညီညွတ်စွာ ဆက်လက်နေထိုင်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ ကို လိုက်နာကြရန် မှာကြားပေးခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)