ကျောင်းကုန်းမြို့နယ်တွင် (၁၆)ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ(၉၂)ဦး ရှိပြီဖြစ်

ကျောင်းကုန်း ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်တွင် အနံ့ပျောက်သူများအား ယမန်နေ့ မွန်းလွဲပိုင်း က မြို့နယ်ပြည်သူ့ဆေးရုံတွင် ဓာတ်ခွဲစစ်ဆေးရာ ကျား(၂)ဦး၊မ(၂)ဦး၊ စုစုပေါင်း(၄)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။
ကျောင်းကုန်းမြို့နယ်တွင် ဇွန်လ(၂၂)ရက်နေ့မှစတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရာ ဇူလိုင်လ(၇) ရက်နေ့ အထိ (၁၆)ရက်အတွင်း ပိုးတွေ့လူနာ(၉၂)ဦးရှိပြီဖြစ်ကြောင်း၊ ကျန်းမာစွာဖြင့် ဆေးရုံဆင်းခွင့်ရသူ(၃၂)ဦးရှိပြီး၊ လက်ရှိတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသူ(၆၀)ဦး ရှိနေဆဲဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။
ဝင်းကြိုင်