ရေကြည် ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဆီဆုံကုန်း ကျေးရွာအုပ်စုရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနစိုက်ခင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ ဒုတိယဦးစီးမှူး ဒေါ်မေသူကျော်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများက စိုက်ခင်းအတွင်းရှိ သတ်မှတ်နေရာများတွင် ဖီးကြမ်းကျောက်စိမ်းငှက်ပျောအပင် (၁၀၀)ကိုစုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့ပြင် ရုံးခြံဝန်းအတွင်း၌လည်း ကျွန်းပင် ၊ ကံ့ကော်ပင်များကိုလည်း စိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။
အောင်သူဟန်