ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား Quarantine Centre များ၌ စောင့်ရှောက်ပေး

ကဝ ဇူလိုင် ၈
 
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့ကပ်ရောဂါ တစ်ခုအဖြစ်လျင်မြန်စွာ ကူးစက် ပျံ့ပွားလျက်ရှိရာ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ယနေ့အထိ Positive လူနာ ကျား/မ စုစုပေါင်း (၅၄၃)ဦးအနက် (၄၀၆)ဦးတို့ ရောဂါ ကင်းရှင်းကြောင်း စမ်းသပ်တွေ့ရှိရပြီး ကျန်ရှိသည့် ပိုးတွေ့လူနာ ကျား/မ ပေါင်း (၁၃၇)ဦးတို့အား သက်ဆိုင်ရာ Quarantine Centre အသီးသီးတွင် ထားရှိ၍ စောင့်ရှောက်ပေးလျက်ရှိသည်။
 
ထိုသို့ စောင့်ရှောက်မှုပေးလျက်ရှိရာတွင် ကဝမြို့နယ်တွင်းရှိ ငါးထပ်ကြီး ကျောင်းဓမ္မာရုံ၊ ပေါက်ကုန်းကြီး ကျေးရွာ စာသင်ကျောင်း၊ ဖိုးရိုးစုစာသင် ကျောင်း၊ သင်ဘန်းကန်ကျေးရွာ ဓမ္မာရုံ၊ နဘဲပင်ကျေးရွာ စာသင် ကျောင်း၊ သက္ကလမြို့ မင်္ဂလာကန်တော်ဦးဘုန်းကြီးကျောင်း စသည့် Quarantine Centre များ၌ ထားရှိ ပြီး ကဝမြို့နယ် ပရဟိတလူငယ်များ၊ အုန်းနှဲကျေးရွာ လူမှုကူညီရေးအဖွဲ့များ၊ သက္ကလမြို့ရှိ ရွှေကျား ပရဟိတမောင်မယ်များအဖွဲ့မှ တတ်အားသရွေ့ ပူးပေါင်းပါဝင် ပံ့ပိုးလျက်ရှိကြကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနရုံးမှ သိရသည်။