ကျိုက်မရောမြို့နယ်တွင် ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေး

ကျိုက်မရော ဇူလိုင်  ၈

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယ အကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)  နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရွှေဟင်္သာခန်းမ၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးရာတွင် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေး လျက်ရှိရာ ယနေ့ တွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ (၃၀)ဦးတို့အားထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး