သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ သိ​ကောင်းစရာအသိ ပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ချောက် ဇူလိုင်

 

မ​ကွေးတိုင်း​ဒေသကြီး၊ ​​ချောက်မြို့နယ်​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဦးစီးအရာရှိ ဦးစောမြ​ဖောင်း ကသဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ သိ​ကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ(Talk show)ကို ယနေ့ နံနက် ၁၀ နာရီက ​ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ချိုချိုမာမှ(Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ကို ရှင်းလင်းပြီး​မြို့နယ်​ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစော မြဖောင်းက ​ရေ​ဘေးဖြစ်​ပေါ်လာလျှင် ရေ​ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ သက်ဆိုင်ရာ အစိုးရ ဌာနမှ ထုတ်ပြန်​​ကြေငြာသော ​ရေကြီးခြင်း သတိ​ပေးချက်ရလျှင်​ ဆောင်ရွက်ရန်များ၊​ ရေကြီးခြင်းဖြစ်​ပေါ်​နေချိန်တွင် လိုက်နာရန်အချက်များ၊​ ရေကြီးခြင်းဖြစ်​ပေါ်​နေချိန်တွင်​ ရှောင်ရှားသင့်သည့် အချက်များ၊​ရေကြီးပြီး​ နောက်ပြု လုပ်ရန် အချက်များ၊​ ရေကြီးပြီး​နောက်​ ရှောင်ရှားသင့်သည့် အချက်များတို့ကို ဆွေး​နွေး​ပြောကြားသည်။    

 

ယင်းအစီအစဉ်ကို ချောက်မြို့နယ် ပြည်သူ့စာကြည့်တိုက် Face book page စာမျက်နှာမှ Online အစီအစဉ်ဖြင့် ထုတ်လွှင့်​ပေးသွားမည်ဖြစ်​ကြောင်းနှင့် ရာသီအချိန်အခါ အလိုက် အသိပညာ​ပေး လုပ်ငန်းများကို လည်းအဆက်မပြတ် တင်ဆက်​ပေးလျက်ရှိ​ကြောင်း ​မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာဦးစီးမှူးထံမှ သိရသည်။

 

ကျော်မိုး