ကျွန်းလှမြိုနယ်တွင်း မိုးစပါးမျိုးစေ့ ထုတ်စံပြကွက် ဧက ၁၅၀ စိုက်ပျိုးမည်

ကျွန်းလှ ဇူလိုင် ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးမျိုးစေ့ ထုတ်စံပြကွက်ဧက ၁၅၀ စိုက်ပျိုး မည်ဖြစ်ကြေင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။

 

 “မိုးစပါးမျိုးစေ့ထုတ်စံပြကွက် အဖြစ် မနှစ်ကဧက(၃၃၀) စိုက်ပျိုးခဲ့ပါတယ်။ ဒီနှစ်တော့ချောင်း၊ မြောင်းနှင့် မြေအောက် ရေတင်လို့ရတဲ့ ကျေးရွာများကို ဦးစားပေးပြီးဧက(၁၂၀)စိုက်ပျိုးရန်လျာထား သော်လည်း တောင်သူ တွေ စိတ်ဝင်စားကြလို့ဧက(၁၅၀)ထိတိုးချဲ့စိုက်ပျိုးမှာဖြစ်ပါတယ်။ မိုးစပါးမျိုး စေ့ထုတ်စံပြကွက် စိုက်ပျိုးရန် အတွက် တစ်ဧကမျိုးတစ်တင်း နှုန်းထောက်ပံ့ပေးပြီးဖြစ်ပါတယ်။ ပျိုးထောင်ချိန်၊ စိုက်ပျိုး ချိန်တွင် လည်း နည်းပညာများ ကူညီပေးသွားမှာဖြစ်ပါတယ်။ ယခုလိုမျိုးစေ့ထုတ် ကွက်စိုက်ပျိုးခြင်းဖြင့် တောင်သူတွေ မျိုးကောင်း၊ မျိုးသန့်ကိုယ်တိုင် ထုတ်လုပ်သုံးစွဲနိုင်ပြီး ဒေသခံတောင် သူများကိုလည်း ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေး နိုင်မှာ ဖြစ်ပါတယ်”ဟုမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီကပြောကြားခဲ့သည်။

 

ကျွန်းလှမြို့နယ်တွင် မိုးစပါးမျိုးစေ့ ထုတ်စံပြကွက်အဖြစ်မကျီးအင်း၊ တပ်ကုန်း၊ မဒေါင်နှင့် ကြာတကန်ကျေးရွာ၊ စုစုပေါင်း ကျေးရွာ(၄)ရွာက အကျိုးဆောင်တောင်သူများ ပူးပေါင်းပြီးဧက (၁၅၀)စိုက်ပျိုး သွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)