ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေကျပ် ၅၄၆ သန်းဖြင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်း ၄၅ ခု အကောင်အထည်ဖော်ဆောင်ရွက်

ပွင့်ဖြူ ဇူလိုင် ၈

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၅၄၆ သန်းဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ၄၅ ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ၉၄ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေ ရေးအတွက် နှစ်စဉ် ဌာနခွင့်ပြုငွေလုံးငွေရင်းဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရှ ိကြောင်း သိရကာ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း ဌာန၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၅၄၆ သန်းဖြင့် ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေရန်အတွက် လမ်းလုပ်ငန်း(၁၂)ခုနှင့် တံတား လုပ်ငန်း(၁၄)ခု ၊ မြို့တွင်းရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်ရေမြောင်းဆောင်ရွက်ခြင်းလုပ်ငန်း (၁၂)ခု ၊ ယာဉ်/စက် ဝယ်ယူခြင်းနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်း (၇)ခု ၊ စုစုပေါင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း (၄၅)ခုတို့ကို ၂၀၂၀ ခုနှစ် ၊ နိုဝင်ဘာလဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခု ဇူလိုင်လဆန်းပိုင်းတွင် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန််းများ ဆောင်ရွက် ပြီးစီးမှု အနေဖြင့် ၉၄ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ အကောင်အထည်ဖော် ဆောင်ရွက် နေသည့် မြို့ပြဖွံ့ဖြိုး ရေးလုပ်ငန်းများ လုပ်ငန်းအရည်အသွေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အတွက် တာဝန်ခံအင်ဂျင်နီယာ များက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ရပ်ကွက်နေပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၀၀ ဖြင့် ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်း၊ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း လုပ်ငန်းနှင့် အုတ်ရေမြောင်းဆောင်ရွက်ခြင်းလုပ်ငန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း သိရပြီး အဆိုပါ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများမှာလည်း ၆၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ  အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေး ထံကသိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)