ဆိပ်ဖြူ ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် တွင်ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ပတ္တမြားဈေး နှင့် လက်ဖက်ရည်ဆိုင်များ၊ စားသာက်ဆိုင်လုပ်ငန်းရှင်များအား ကိုဗစ်-၁၉ရောဂါ အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက် ၈နာရီက ကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများ ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေးကြီးအတွင်းနှင့် ပျံကျ ဈေးရောင်းဈေးဝယ်ပြုလုပ်သူများ အား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် စနစ်တကျ လက်ဆေးခြင်း ၊ Mask များစနစ်တကျ တပ်ဆင်သွားလာရေး ၊လူစုလူဝေးများရှောင်ရှားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး နည်းလမ်းများကို အသိပေးဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် များတွင် လူစုလူဝေးများဖြစ်ပေါ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပေါ်စေရန် ဆိုင်ထိုင်စားသုံးရောင်းချခြင်းစနစ်မှ ပါဆယ်( Take – Away ) စနစ်ဖြင့်ရောင်းချရေး မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇူလိုင်လ ၆ရက်နေ့မှစတင်လိုက်နာ ဆောင်ရွက်ရေး ကြိုတင်အသိပေးထားရှိမှုများ အပေါ်လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကိုဇွဲ ( အညာမြေ)