စစ်တွေခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ  ဇူလိုင် ၇

 

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်အတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းရပ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

 

အစည်းအဝေးတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးစိန်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး၊ ဦးမြင့်ဇော်က ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေအားရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသော ခရိုင်ကော်မတီဝင်များက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ဆောင်ရွက်မည့် ကိစ္စများအား ဆွေးနွေးတင်ပြခဲ့ ကြကြောင်းသိရသည်။

 

ညှိနှိုင်းအစည်းအဝေးသို့ ခရိုင်ကော်မတီဥက္ကဋ္ဌနှင့် ခရိုင်ကော်မတီဝင်များတက်ရောက်ခဲ့ကြ ကြောင်းသိရသည်။

 

တင်ထွန်း