မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပေါင်မြို့နယ်၊ အသက်​မွေးဝမ်း​ကျောင်း အထောက် အကူပြု သင်တန်း ဖွင့်လှစ်ထားရှိမှုနှင့် ရင်းငြိမ်​ ရေထိန်း တံခါးလုပ်ငန်း ဆောင်ရွက်မှု ကြည့်ရှု စစ်ဆေး

မော်လမြိုင် ဇူလိုင် ၆

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည်   ယနေ့ နံနက် ၉နာရီခွဲက  ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရှိ ကျေးလက်​  ဒေသဖွံ့ဖြိုးတက်​ရေးဦးစီးဌာနမှ အသက်​မွေးဝမ်း​ကျောင်း အ​ထောက်အကူပြုသင်တန်းဖြစ်သည့် အ​ခြေခံအပ်ချုပ်သင်တန်း ဖွင့်လှစ်ထားရှိမှု အ​ခြေအ​နေကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ သင်တန်းတွင်သင်တန်းသူ (၂၀) ဦးဖြင့်ဇွန်၈ရက်​မှစတင်၍ ဇူလိုင်၉ ရက်​နေ့ထိ  သင်တန်းကာလ တစ်လကြာဖွင့်လှစ်သင်ကြား​ပေးသွားမည်ဖြစ်​ပြီးကျေးလက်​ဒေသဖွံ့ဖြိုးတက်​ ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာ​ရေးနှစ်တွင်  အသက်​မွေးဝမ်း​ကျောင်း အ​ထောက်အကူပြု  သင် တန်း ဖွင့်လှစ်ထားရှိမှုအ​​နေဖြင့်   သင်တန်း (၂၈) ခုကို သင်တန်းသား၊သင်တန်းသူ (၅၄၅) ဦးဖြင့်တက်​​​ရောက်ရန်လျာထားကြောင်းသိရသည်။


ထို့နောက်မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းသည်​ပေါင်မြို့နယ်၊  ကျုံ​ဟော်-ရာမဆိပ်တံတား​  ဆောင်ရွက်ပြီးစီးမှု      အ​ခြေအ​နေအား    ကြည့်ရှုစစ်​ဆေးသည်။ ၎င်းကျုံ​ဟော်-ရာမဆိပ် တံတားကို(၂၀၁၉-၂၀၂၀)ဘဏ္ဍာ​ရေးနှစ်တွင် ​ကျေးလက်လမ်းဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေ (၁၄၂၂) သန်းဖြင့် တည်ဆောက်ခဲ့ပြီးတံတားအရှည် (၃၆၀) ​ပေ၊ အကျယ် (၂၄) ​​ပေ၊ ခွင့်ပြုတန်ချိန်(၆၀)တန်ရှိပြီး  တံတားတည်ဆောက်ပေးခြင်းအားဖြင့်  ကျေးလက်​နေ   ​ဒေသခံ ပြည်သူများအတွက် လမ်းပန်းဆက်သွယ်​ရေးတွင် များစွာအကျိုးပြုမည်ဖြစ်​ကြောင်းသိရသည်။

ဆက်လက်ပြီး မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ​ပေါင်မြို့နယ် ဆည်​မြောင်းနှင့် ​  ရေအသုံးချမှု   စီမံခန့်ခွဲ​ရေးဦးစီးဌာန၏    ရင်းငြိမ်​    ရေထိန်းတံခါးလုပ်ငန်း​  ဆောင်ရွက်မှု အ​ခြေအ​နေကို ကြည်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၏  တင်ပြမှု အ​ပေါ်လိုအပ်သည်များကိုလမ်းညွှန်မှာကြားသည်။ရင်းငြိမ်​ရေထိန်းတံခါးသည်    ​ပေါင်မြို့နယ်၊  ကျုံ​ဟော်​ကျေးရွာအထက် တစ်မိုင်ခွဲခန့်အကွာ ရင်းငြိမ်​ချောင်း​ပေါ်တွင် တည်ရှိကာ  ကွန်ကရစ်​  ရေထိန်းတံခါး အမျိုးအစားဖြစ်ပြီး ​ရေဆင်းဧရိယာ (၃၁.၂၅) စတုရန်းမိုင်ရှိ၍  မိုးရာသီပင်လယ် ဒီ ရေတက်​ရောက်ခြင်း၊ ရေကြီးနစ်မြုပ်ခြင်း၊ ​ရေချိုထိန်းသိမ်းခြင်းနှင့်    နုန်းမြေတက်ခြင်းတို့မှ   ကာကွယ်နိုင်မည်ဖြစ်​​ကြောင်း၊ ​  ပေါင်မြို့နယ်အတွင်း ရေနက်ကွင်း ဧက(၂၀၀၀၀) ​ကျော်အကျိုး  သက်​ရောက်မှုရှိ​စေမည်ဖြစ်​ကြောင်း သိရသည်။
 

ခရိုင်(ပြန်/ဆက်)