ကသာ ဇူလိုင် ၆
"တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီ ထိန်းသိမ်းကြစို့" ဟူသည့် ဆောင်ပုဒ်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ(၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ကသာပညာရေးကောလိပ်အတွင်း၌ ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်း၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပညာရေးကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ နည်းပြများနှင့် သင်တန်း သူများ စုပေါင်း၍ ယင်းနေရာတွင် ကျွန်း(၄၀၀)ပင်၊ ပျဉ်းကတိုး(၂၅၀)ပင်၊ ပိတောက်(၅၀)ပင် နှင့် ခရေ(၃၀)ပင် စုစုပေါင်းအပင်(၇၃၀)ပင် တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)