ပေါက်ခေါင်း ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ထိစပ်ခဲ့သူများနှင့် အနံ့ပျောက်နေသူ စုစုပေါင်း (၄၃) ဦးအား ယနေ့ နံနက်ပိုင်းက မြို့မအားကစားခန်းမ Quarantine Centre တွင် စစ်ဆေးခဲ့ရာ အုပ်ပုံကျေးရွာမှ(၁) ဦး ၊ တောင်လည်ကျေးရွာမှ(၁) ဦး၊ ဝက်တိုးကျေးရွာမှ(၁) ဦးနှင့်အင်ငါးခွသကြားစက်မှ (၅)ဦး စုစုပေါင်း (၈) ဦးတို့တွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာများအား ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံတွင် ထားရှိကုသပေးသွားမည်ဖြစ်ပြီး ၎င်းတို့နှင့် ထိစပ်သူများကိုလည်း အသွားအလာကန့်သတ်ထားရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ အထိ ပေါက်ခေါင်းမြို့နယ်တွင် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၂၁) ဦး ရှိပြီဖြစ်ကြောင်း သိရပါသည်။