ခန္တီး ဇူလိုင် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇူလိုင်လ ၅ ရက်နေ့က သီတာဂူမျက်စိဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် ကျန်းမာရေး စစ်ဆေးဆောင်ရွက်ရာလာရောက် စစ်ဆေးသူ (၁၉)ဦး အနက် (၅)ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သည်။
ခန္တီးမြို့တွင် ဇွန်လ ၃၀ရက်နေ့မှစ၍ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ စတင်တွေ့ရှိခဲ့ရာ ဇူလိုင်လ ၅ရက်နေ့ အထိ ပိုးတွေ့လူနာပေါင်း (၂၅)ထိရှိပြီးခန္တီးပြည်သူ့ ဆေးရုံရှိ သီးခြားသတ်မှတ်ထားရှိသည့် နေရာ၌ ကျန်းမာရေး ကုသစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့်ဆက်စပ်သူများကိုစုံစမ်းလျက် Quarantine ထားရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒီဇိုင်း(ရတနာမြေ)