ပွင့်ဖြူ ဇူလိုင် ၆
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ၂၀၂၁ ခုနှစ် ၊ မေလဆန်းမှ စတင်ကာ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုလ(၁)ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ၉၅၅ ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ၂၄၂ စု ပြုလုပ်ဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ လက်ထောက်မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင် ထံက သိရသည်။
ပန်းခင်းစီမံချက်များဖြင့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရန်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပွင့်ဖြူမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ၂၀၂၁ ခုနှစ် ၊ မေလ ၃ ရက်နေ့မှ စတင်ကာ အဖွဲ့များခွဲ၍ ကျေးရွာအရောက် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း ၊ ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်တပ်မတော်ဝါစိုက်ပျိုးတပ်နှင့် ကျေးရွာအုပ်စု(၁၂) အုပ်စုသို့ သွားရောက်ပြီး နိုင် - ၃(က) ၅၁ ဦး ၊ နိုင် - ၆(က) ၁၇၂ ဦး ၊ လဲလှယ် ၂၈၉ ဦး ၊ မိတ္တူ ၄၄၃ ဦး ၊ စုစုပေါင်းဦးရေ ၉၅၅ ဦး အား နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းအနေဖြင့် အိမ်ထောင်စုပေါင်း ၂၄၂ စုအား ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်သည် ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု ၅၆ အုပ်စု ရှိပြီး အဆိုပါ ရပ်ကွက်/ကျေးရွာ များရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ သတ်မှတ်ထားသည့်စီမံချက်ကာလအတွင်း အချိန်မီပြီးစီးရေး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲင်းနိုင် ( ညောင်ဦး )