နတ်မောက်မြိုနယ် စိုက်ပျိူးရေးဦးစီးဌာနတွင် မျိုး၊ ဓာတ်မြေသြဇာနှင့် ပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲကျင်းပ

နတ်မောက်  ဇူလိုင်   ၆

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် မျိုး ၊ ဓာတ်မြေသြဇာနှင့် ပံ့ပိုးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ ပေးအပ်ပွဲတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ချို က ရာသီဥတုနှင့်လိုက်လျောညီသည့် စိုက်ပျိုးသီးနှံများနှင့်မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြရန် ၊ မျိုးသန့်ပြန့်ပွားနိုင်ရန် ၊ ရာသီ သီးနှံ တစ်ခုထဲစိုက်ပျိုးပါက ပျက်စီးဆုံရှုံးမှုများလာနိုင်ကြောင်း ၊ အကျိုးဆောင်တောင်သူများအနေနဲ့ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့်ပူးပေါင်းပြီးဆောင်ရွက်ကြစေလို  ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် နတ်မောက်မြို့နယ်အတွင်းရှိ  တောင်ထောင့်ကျေးရွာ၊ အိုးဘိုကျေးရွာ ၊ ဂွေးပင်ကျေးရွာ ၊ ဘုန်းတော်ပြည့်ကျေးရွာ ၊ စရံအိုင့်ကျေးရွာ၊ လေးအိမ်ကျေးရွာ ၊ အိုင်ဇောက်ကျေးရွာ ၊ အင်းကုန်းကျေးရွာ၊ အလယ်ရွာကျေးရွာ ၊ ရွာသစ်ကျေးရွာ ၊ ညောင်ကျပ္ပင်ကျေးရွာ ၊ တမလန်းပင်ကျေးရွာ ၊ တဲကြီးကျေးရွာ၊ မှိုက်ပင်ကျေးရွာ ၊ ရွှေပန်းတောကျေးရွာ ၊ ဘန်းကုန်းကျေးရွာ ၊ ဒန့်ဒလွန်ပင်ကျေးရွာ၊  ကျောက်တံခါး ကျေးရွာ ၊ စျေးသာကျေးရာ များရှိ Quick Win အစီအစဉ်ဖြင့်ဆောင်ရွက်သော စပါး ၊ နှမ်း ၊ မြေပဲ ၊ ပဲတီစိမ်း ၊ နေကြာ မျိုးစေ့ထုတ်စိုက်ခင်းများ နှင့် မိုးနှမ်း ၊ ပဲတီစိမ်း ၊ မြေပဲ G A P စိုက်ခင်းများ စံပြစမ်းသပ် စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူများအား စပါးမျိုးစေ့ ၊ နေကြာမျိုးစေ့ ၊ ဝါမျိုးစေ့ ၊ မြေသြဇာနှင့် ငါးအမိုင်နိုအက်ဆစ်ဗူးများကို တာဝန်ရှိသူများက တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း                      သိရသည်။

သင်းသင်းမြတ် (နတ်မောက်)