ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ

 

 

 

ဝေါ  ဇူလိုင်  ၆

 

 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က  မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသိန်းထွန်းနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက မြို့နယ်အတွင်းလိုက်လံ၍ အသိပညာပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေး ကြေညာရာတွင် ကိုဗစ်-၁၉ ကူးစက်မှုကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များဖြစ်သည့် ကိုဗစ်-၁၉ရောဂါ လက္ခဏာခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ လက်ကို စင်ကြယ်အောင် မကြာခဏ စနစ်တကျ ဆေးကြောပါ၊ နှာချေချောင်းဆိုးသည့်အခါတိုင်း နှာခေါင်း၊ ပါးစပ်တို့ကို   လုံခြုံအောင်ဖုံးအုပ်ပါ၊ လူထူထပ်သည့် နေရာများသို့ သွားလာခြင်းမှ တတ်နိုင်သမျှရှောင်ကြဉ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်ကာကွယ်ရေးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ရန်၊ တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်းများဖြင့် လိုက်နာဆောင်ရွက်သွားကြရန် လိုက်လံနှိုးဆော်ပြီး၊ ဝေါမြို့မစျေးရှေ့တွင် အပြင်ထွက်သူတိုင်း  Mask တက်ဆင်နိုင်ရေးအတွက် Mask များကို အခမဲ့ဖြန့်ဝေပေးခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မြတ်လင်း